ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ် သိမြင်ရှောင်ကြဉ်

၂-၆-၂ဝ၁ဝ (ဗုဒ္ဓဟူးနေ့)
ကမ္ဘာပေါ်တွင် ဆေးလိပ် သောက်သုံးသူ ဦးရေ သန်း တစ်ထောင်ကျော်ခန့် ရှိသည်။ ယင်း တို့အနက် အများစုမှာ အာရှတိုက်မှ ဖြစ်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကို သိမြင် လာကြသည့် အလျောက် ဆေးလိပ် သောက်သုံးမှုနှုန်း ကျဆင်းလာ သော်လည်း အချို့သော နိုင်ငံများတွင် ဆေးလိပ် သောက်သူ ဦးရေ တိုးတက် များပြား နေဆဲ ဖြစ်သည်။ အထူးသဖြင့် လူငယ်များနှင့် အမျိုး သမီးငယ် များ ပါဝင်သည်။

ဆေးလိပ်၏ အခိုးအငွေ့များတွင် ဓာတ်ပစ္စည်း အမျိုးပေါင်း လေးထောင်ကျော် ပါဝင်သည်။ ၄င်းတို့ အထဲတွင် လူများကို အန္တရာယ် ဖြစ်စေ နိုင်သော ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်၊ အမိုးနီးယား စသည်တို့ များစွာ ပါဝင်သည်။ အဓိက ပါဝင်သော ပစ္စည်းမှာ နီကိုတင်း ဖြစ်သည်။ နီကိုတင်း၏ စွဲလမ်း စေသော အာနိသင်ကြောင့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးရွက်ကြီး တို့ကို စမ်းသပ် သောက်သုံးကြည့် ရာမှ တဖြည်းဖြည်း ပိုမို စွဲလမ်း လာကြခြင်း ဖြစ်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူ တို့သည် အဆုတ်ပွခြင်း၊ နာတာရှည် လေပြွန် ရာင်ရမ်းခြင်း စသည့် ရောဂါများ ပိုမိုဖြစ်ပွား စေနိုင်သည်။ အဆုတ် ကင်ဆာ၊ ခံတွင်း ကင်ဆာ၊ အသံအိုး ကင်ဆာတို့ အပြင် အစာမျိုပြွန်၊ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ အူမကြီး ကင်ဆာ များလည်း ဖြစ်စေနိုင်သည်။ ထို့အပြင် ဆေးလိပ် သောက်သုံးသူ နှင့် ¤င်း၏ ပတ်ဝန်းကျင်ရှိ ဆေးလိပ်ငွေ့ကို ရှူရှိုက် နေရသူ လသား ကလေးငယ်များ ရုတ်တရက် သေဆုံးခြင်း၊ အဆုတ်ရောဂါ ဖြစ်ခြင်း၊ ကလေးများတွင် ရင်ကျပ် ပန်းနာ ဖြစ်ခြင်း၊ အဆုတ် ပြွန်ရောင်ခြင်း တို့လည်း ဖြစ်ပွားစေသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ်သောက် ပါက သားအိမ်မ တစ်ဆင့် သန္ဓေသား သို့သွားသည့် သွေးကြော ကျဉ်းခြင်း၊ သွေးခဲခြင်း တို့ကြောင့် မိခင်နှင့် ကလေးပါ ထိခိုက်စေ နိုင်သည်။ ထို့ပြင် သားပျက် သားလျှောခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ပေါင်ချိန် မပြည့်ဘဲ ကလေးမွေးခြင်း၊ မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း တို့လည်း ဖြစ်စေ နိုင်သည်။ ဆေးလိပ် သောက်သုံးသူ မိခင်များမှ မွေးဖွားသော ကလေးများ၏ ဦးနှောက်နှင့် ကိုယ်အင်္ဂါဖွံ့ဖြိုးမှုသည် နှေးကွေး ကြုံလှီခြင်းတို့ ဖြစ်တတ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်း ထားသည်။ အဆိုပါ ဥပဒေအရ ဆေးလိပ် ကြော်ငြာများကို ခွင့်မပြုပေ။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပြောင်းဖူး ဖက်လိပ်၊ ကွမ်းဖက်လိပ် စသည်တို့နှင့် ဆေးပါသော ကွမ်းစားခြင်း၊ ဆေးရွက်ကြီး ငုံခြင်း စသည့် ဆေးရွက်ကြီးထွက် ပစ္စည်း အမျိုးမျိုး သောက်သုံးခြင်း သည် အန္တရာယ် ဖြစ်စေနိုင်ကြောင်း ကျယ်ကျယ် ပြန့်ပြန့် အသိ ပညာ ပေးလျက် ရှိသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက် အရ နှစ်စဉ် လူဦးရေ ငါးသန်းကျော်သည် ဆေးလိပ် နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရောဂါ
ဖြစ်ပွား သေဆုံးလျက် ရှိသည်။

ကျန်းမာရေး ဝန်ကြီးဌာန နှင့် နှီးနွှယ် ဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ မိသားစု အတွင်း၊ ကျေးရွာ၊ ရပ်ကွက် အတွင်း၊ ကျောင်းအတွင်း တို့မှသည် တစ်နိုင်ငံလုံးတွင် ကျားမ မရွေး ဆေးလိပ်အန္တရာယ် ကင်းဝေးစေရေး အတွက် ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှု အန္တရာယ်ကို သိမြင် ရှောင်ကြဉ် နိုင်ရေး အသိ ပညာပေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။

ပြည်သူတွေကို အထင်မသေးနှင့်

Wednesday, June 2, 2010
အခုတလော ပြည်တွင်း၊ ပြည်ပမှာ ရှိကြတဲ့ အမျိုးသား သစ္စာဖောက် ဆန့်ကျင်ဘက်တွေ၊ အနောက်အုပ်စု ကိုလိုနီလက်သစ် ဆရာကြီးတွေ၊ ပြည်ပ မီဒီယာတွေ အတိုင်အဖောက် ညီညီနဲ့ သောသောညံအောင် ထုတ်လွှင့်နေကြတာ ကြားရတယ် ခင်ဗျား။

ဒီပဲရင်း အရေးအခင်းတွေ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်တွေ အကြောင်း တွေပေါ့ဗျာ။ နောက်ပြီး မိမိ သဘောအလျောက် နိုင်ငံရေးပါတီ အဖြစ်ကနေ ဖျက်သိမ်းခဲ့ကြတဲ့ ယခင် ပါတီကြီး တစ်ခုအကြောင်းကိုလည်း အနောက်အုပ်စု၊ အထူးသဖြင့် အမေရိကန် ငပွကြီးရဲ့ အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ကင်ဝပ်က အထက်လွှတ်တော်အမတ် မစ်ချီမက်ကော်နက်၊ ကာလီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဖိုင်းစတိုင်း၊ အရီရှိုးနား ပြည်နယ်၊ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ ကော်နက်ကိစ်ကပ်ပြည်နယ် တစ်သီး ပုဂ္ဂလပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးလီဘာခင်တို့က အကဲဆုံးပါပဲ။ အဲဒီ အမတ်တွေကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး တရားဝင် မရှိတော့တဲ့ ယခင် နိုင်ငံရေးပါတီကို အားပေး အားမြှောက်ပြု၊ ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ အမျိုးသား သစ္စာဖောက်တွေ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို လူမိုက်အားပေး လုပ်နေကြတာကို တွေ့ရတယ်ခင်ဗျား။ အမှန်ကတော့ ပြည်တွင်းရေးကို ဗြောင်ကျကျ စွတ်ဖက်နေတဲ့ သဘောပါဘဲ။

အနောက်အုပ်စုနှင့် အမျိုးသား သစ္စာဖောက် ပုဆိန်ရိုးတွေဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပျက်ပြားရေးအတွက် ဘက်ပေါင်းစုံကနေ အခြေအမြစ် မရှိ စွပ်စွဲပြောဆို ထိုးနှက် နေကြသည်ကို တွေ့ရပါတယ်။ ပြည်ပ မီဒီယာတွေ ကလည်း အသံကျယ်ကျယ်နဲ့ ထုတ်လွှင့် ပေးနေကြတယ်။ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရတို့ သွေးခွဲတဲ့ စကားတွေ ပြောလိုက်၊ မြောက်ကိုရီးယားက လက်နက်တွေ့လို့တာ လက်ခံတယ်ဆိုပြီး စွပ်စွဲလိုက်၊ လူသတ်၊ ဗုံးခွဲ၊ ဆက်ကြေးတောင်း၊ ပြည်သူတွေကို ဒုက္ခ အမျိုးမျိုးပေးနေတဲ့ တောတိုး သောင်းကျန်းသူတွေ နှိမ်နင်းနေတာကိုလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး အပြစ်ဖို့ စွပ်စွဲနေကြတယ်။ ရှင်းရှင်း ပြောရရင်တော့ ဘက်ပေါင်းစုံကနေ အခြေအမြစ်မရှိ စွပ်စွဲ ပြောဆို ပုတ်ခတ် ပြောဆိုနေကြတယ် ဆိုတာ ပြည်သူတွေ အားလုံး သိကြပါတယ်။

စည်းရုံးရေး ဆင်းတယ်လို့ အမည်တပ်ပြီး စည်းမဲ့ ကမ်းမဲ့ ရုတ်ရုတ်သဲသဲ သိက္ခာမရှိ လုပ်ခဲ့ကြလို့ ဒေသခံတွေနှင့် ပဋိပက္ခဖြစ်ခဲ့ရတဲ့ ဒီပဲရင်း အရေးအခင်း၊ နှစ်ပေါင်း ၂၀ ကျော် သွားပြီဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်တွေကို ဖော်ထုတ် လာတာဟာ ဘယ်လို ရည်ရွယ်ချက်ဆိုတာ ပြည်သူတွေ နားလည် သဘောပေါက်ပြီး ဖြစ်ပါတယ်။

ယနေ့ တည်ငြိမ် အေးချမ်းနေတဲ့ အခြေအနေ၊ အတိုင်းအတာ တစ်ခုအထိ စီးပွားရေး၊ လူမှုရေး တိုးတက်နေတဲ့ အခြေအနေ၊ ပြည်သူ တစ်ရပ်လုံး လိုလားတဲ့၊ ပြည်သူ့ တစ်ရပ်လုံးက တစ်ခဲနက် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အရ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းမှန် ဖြစ်တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီး အောင်မြင်ရေး စတဲ့ အခြေအနေ ကောင်းတွေ ကိုတော့ ဘယ်သူဖျက်ဖျက် အပျက်ခံတော့မှာ မဟုတ်တော့ပါဘူးဗျာ။

မျိုးချစ်မောင်

၂၁ ရာစု နိုင်ငံရေး ကွက်ကျော်နင်းမှုများ

Wednesday, June 2, 2010
ကျွန်တော်အနေဖြင့် မြန်မာနိုင်ငံသား တစ်ဦးဖြစ်လို့ မြန်မာနိုင်ငံသားရှုထောင့်ဘက်က ရပ်တည်ပြောကြားလို့သော အချက်များ ရင်ထဲတွင် အဆမတန် ပေါက်ဖွားလာလို့ ဒီဆောင်းပါးကို ရေးမိတာဖြစ်ပါတယ်။ ဒီကနေ့ အင်တာနက်စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုက တင်ပြခဲ့တဲ့ မြန်မာနိုင်ငံတွင် ဖြစ်ရပ်များက အာဆီယံတွင် သက်ရောက်မှုရှိ ဆိုသော မေလ (၂၇)ရက်နေ့က ဂျကာတာပို့စ်မှ ဦးဝင်းတင်ရဲ့ ပြောကြားချက်တွေ ကို ထုတ်နှုတ်ရေးသားထားတာတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ပထမဆုံး ပြောချင်တာက " မြန်မာနိုင်ငံတွင် ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြီးမားသော အမှားများ၊ အားနည်းချက်များ ပါရှိနေသော်လည်း အာဆီယံအဖွဲ့ကြီးက သိသိသာသာ ငြိမ်သက်နေခြင်းပင် ဖြစ်သည်။ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှသည် ဒေသကြီးတစ်ခုလုံးကို သက်ရောက်သည် ဆိုသည့် အချက်ကို သဘောပေါက်ရမည်" ဆိုတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယခုကျင်းပမယ့် ရွေးကောက်ပွဲမှ ဘယ်လိုမျိုးတွေက ကြီးမားသော အမှားတွေပါလဲ၊ ဘယ်ဟာတွေက အားနည်းချက်တွေပါလဲ။ ၂၀၀၈ ခုနှစ် မှာ ပြည်သူ ၉၂.၄၈% ထောက်ခံအတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပေါ်ကို မြန်မာပြည်သူများသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာကို သိလို့ နားလည်လို့ အာဆီယံလိုအဖွဲ့ကြီးက ဘာမျှဝင်ရောက်စွက်ဖက်ပြောဆိုခြင်းမပြု တာကို အပြစ်လို့ မြင်နေတာလား။

ဒါလောက်လေးတောင်မှ နားမလည်ပဲ နိုင်ငံရေးစင်မြင့်မှာ အာဘောင်အာရင်းသန်သန် ပြောဆိုနေတာ ဒီလို လူစားမျိုးကို မြှောက်ပင့်နေတဲ့ နိုင်ငံတွေရဲ့ လုပ်ရပ်တွေဟာ ယိုသူမရှက် မြင်သူရှက်ဖြစ်နေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ နောက်တစ်ခု ထပ်ပြောချင်တာက မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှဟာ အာဆီယံဒေသကြီး တစ်ခုလုံးကို သက်ရောက်မှုရှိတယ်ဆိုတဲ့အချက်ကို ထောက်ပြပြောဆိုချင်ပါတယ်။ အာဆီယံအခြားနိုင်ငံများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ပြည်တွင်းရေးတွေကရော အာဆီယံဒေသကြီးကို သက်ရောက်မှု မရှိတော့ ဘူးတဲ့လား။ ဖြစ်နေလိုက်တဲ့ နိုင်ငံရေးအခြေအနေတွေကိုရော ထည့်သွင်းမစဉ်းစားတော့ကြဘူးလား။ ဘာဖြစ်လို့ မြန်မာနိုင်ငံတစ်နိုင်ငံတည်းကိုမှ ပြောချင်ဆိုချင်နေရတာလဲလို့ မေးလိုက်ချင်ပါတယ်။ ဒီအချက်ကိုက ကျွန်တော်တို့ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေ တိုးလာအောင် ကမ္ဘာက မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအပေါ် မကောင်းမြင်လာအောင် တမင်လုပ်ကြံတဲ့ စကားရပ်တွေဆိုတာ ထင်ရှားနေပါတယ်။

နောက်ပြီး ဘယ်လိုမှ အဆီအငေါ်မတည့်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မြန်မာနိုင်ငံတော်အစိုးရနဲ့ အာဆီယံ အဖွဲ့ကြီးကို ရန်တိုက်ပေးပုံများ ကြည့်လိုက်ကြပါဦး " အာဆီယံသည် ၂၀၁၅ တွင် ပိုမို စုစည်း ညီညွတ်သော အဖွဲ့ကြီး ဖြစ်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် မြန်မာအစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ်ကို လက်ခံခဲ့လျှင်၊ အာဆီယံ အဖွဲ့ကြီးသည် မှားယွင်းနေသော ဒီမိုကရေစီ နည်းလမ်းများနှင့် ရပ်တည်နေသော မတည်ငြိမ်သည့် နိုင်ငံတစ်ခုနှင့် စခန်းသွားရလိမ့်မည် ဖြစ်ပြီး၊ အဖွဲ့ကြီး၏ တိုးတက်မှုကို အကန့်အသတ်များ ပြုလုပ်နေသည့် သဘောဆောင် နေလိမ့်မည် " ဘယ်လိုမှကို စဉ်းစားလို့မရတဲ့ အချက်တွေပါဗျာ။ ဒီမိုကရေစီနည်းလမ်း၊ စံနှုန်းဆိုတာတွေကို နိုင်ငံတစ်နိုင်ငံအပေါ် ဖိအား ပေးဖို့ အတင်းအကျပ် နိုင်ငံရေးပုံသွင်းဖို့ စွက်ဖက်မှုတွေလုပ်ဖို့ တွင်တွင်သုံးနေကြတဲ့ ၂၁ ရာစု နိုင်ငံရေး ကွက်ကျော်နင်း မှုတွေကိုလည်း ထင်ထင်ရှားရှား မြင်တွေ့လာရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်လို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ့်စိတ် တိုင်းကျ ထူထောင်တဲ့ နိုင်ငံရေးလမ်းစဉ်ကိုသာ ခင်တွယ် မြတ်နိုးတာပါ။ ကျွန်တော့်လိုပဲ မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းကလည်း ခံယူကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ ဘယ်သူတွေက ဘာတွေပဲ ပြောနေပြောနေ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က အာဆီယံသည် အရေးကိစ္စတိုင်းအတွက် အံ့သြဖွယ် စွမ်းဆောင်နိုင်သော ဆေးကြိမ်လုံးတစ်လက် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို အဲဒီနိုင်ငံသားတိုင်းကသာ လုပ်နိုင်ကြောင်း လုပ်ခွင့်ရှိကြောင်း မှန်ကန်စွာ ရပ်တည် ပြောဆိုသွားခဲ့ခြင်းလည်း ဖြစ်ပ်ါတယ်။

အဆိုးဆုံးပြောဆို စွက်ဖက်မှုတွေကတော့ "အာဆီယံသည် မြန်မာနိုင်ငံ အပေါ်တွင် အရေးကြီးသော နိုင်ငံရေးသြဇာရှိသည် ဖြစ်ရာ မြန်မာအစိုးရအား အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် နောက်ဆုံးအနေဖြင့် လိုအပ်သော ခြေလှမ်းများ လှမ်းရန် ဖိအားပေးရမည် ဖြစ်သည်။ အမျိုးသားပြန်လည် ပေါင်းစည်းရေး ဆိုရာဝယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသားများအား တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရေးနှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အားလုံးပါဝင်သော ဆွေးနွေးမှုပြုရေးတို့ ပါဝင်သည်။ အာဆီယံအနေဖြင့် ၎င်းတို့၏ မူဝါဒဖြစ်သော ဝင်ရောက် မစွက်ဖက်ရေးဝါဒကို ဆက်လက်ဆုပ်ကိုင်မထားသင့် တော့ပေ။" ဆိုသည့် အချက်များပင်ဖြစ်ပါ သည်။ ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်ပါလားလို့ တိုက်တွန်းနေမယ့်အစား အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ခင်ဗျားပဲ ယူလိုက်ပါလားလို့ မေးစရာဖြစ်လာပေပြီ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် နဲနဲလေးမှ ငဲ့ညှာမှုမရှိ၊ ကိုယ့်ဆန္ဒ ကိုယ့်ဦးတည်ချက်ကိုသာ တရားသေလက်ဆုပ်လက်ကိုင်ပြုပြီး နိုင်ငံနဲ့ လူမျိုးအပေါ် ထင်မြင်ယူဆချက်တွေနဲ့ သေတွင်းပို့ နေတဲ့ လုပ်ရပ်တွေ ရပ်လိုက်ပါတော့လို့ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေကိုယ်စား တောင်းဆိုလိုက်ချင်ပါတယ်။

ရီစရာ အကောင်းဆုံးနဲ့ ဟာသပျက်လုံးတစ်ခုလို စကားတွေကတော့ " NLD သည် မြန်မာနိုင်ငံအတွက် အဖြေမှန် ရှာဖွေရေးကို ကတိကဝတ် ပြုထားပြီး ဖြစ်သည်။ ကျွန်ုပ်တို့ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခြင်းမှာ မှန်ကန်သော၊ လိုအပ်သော ဆုံးဖြတ်ချက်ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုသည်မှာ အားလုံးက စစ်အစိုးရအား အမျိုးသား ပြန်လည် စည်းလုံးရေးအတွက် ခြေလှမ်းများ လှမ်းရေးကို တစ်လေသံတည်း ဖိအားပေးရန်ဖြစ်ပြီး၊ ထိုသို့လုပ်ဆောင်ခြင်း မပြုပါက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း အသိပေး ပြောကြားပေးရန်ဖြစ်သည်။

" အဲဒီစကားလုံးတွေနဲ့ တစ်ဖက်သတ် တောင်းဆိုချက် တွေပြုလို့ ဘယ်သူတွေဘာပြောပြော ငါတို့မကြားဘူး။ ငါတို့မသိဘူး။ တွင်တွင် ဘူးခါလို့ ဖင်ပိတ်ပြီး အတင်းသာ အလုံး ဆုံ ပျက်သုဉ်းရေးနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးတွေ၊ အနုကြမ်းသမားဆန်ဆန်၊ ဓားမြလို တောင်ဆိုချက်တွေနဲ့ ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုတဲ့ ဒီမိုကရေစီသူရဲကောင်းကြီးတို့ရေ……… ကျွန်တော်တို့ကတော့ မြန်မာပြည်သူပြည်သားအများစုရဲ့ မျက်နှာနဲ့ ဆန္ဒတွေကိုသာ ရှေ့တန်းတင်လို့ နိုင်ငံသစ်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဖော်ဆောင်အကောင် အထည်ဖော်ဆောင်သွားမည်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း

ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ထိန်းချုပ်တိုင်းတာ ဖြန့်ဖြူးရေးစခန်း (ရွာမ)မှ တစ်ဆင့် သဘာဝ ဓာတ်ငွေ့များ တိုးမြှင့် ဖြန့်ဖြူး ပေးနိုင်မည်

Wednesday, 02 June 2010 12:17
ပြည်တွင်းရှိ သဘာဝဓာတ်ငွေ့ သုံးစွဲမှုအား တိုးမြှင့်ဖြန့် ဖြူးပေးနိုင်ရန် အတွက် ၂၄ လက်မ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု လုပ်ငန်းများ ဆောင်ရွက်နေရာ ပြီးစီးလု နီးပါးဖြစ်သဖြင့် မကြာမီ ကမ်းလွန် သဘာဝဓာတ်ငွေ့ ထိန်းချုပ်တိုင်းတာ ဖြန့်ဖြူးရေးစခန်း (ရွာမ)မှ တစ်ဆင့် ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်တော့မည် သည်။